ဂျပန်နိုင်ငံမှာ ဂျပန်လိုင်စင်စတင်ယူမည့်သူများဟာ စာမေးပွဲကတော့ 4 ကြိမ်ဖြေရပါမယ်၊ရေးဖြေ (၂)ခါနှင့် မောင်းဖြေ (၂)ခါတို့ဖြစ်ပါတယ်၊
1.သင်မောင်းလိုင်စင်ရေးဖြေစာမေးပွဲအရင်ဖြေရမှာဖြစ်ပါတယ်
ဖြေဆိုချိန် 30min မှားမှန်မေးခွန်း အပုဒ် 50 မှာ 45ပုဒ် မှန်မှ အောင်မှာဖြစ်ပါတယ်
2. ရေးဖြေအောင်ရင် မောင်းဖြေအတွက်ရက်ချိန်းရပါမယ်
အမောင်းကတော့ အမှတ် 100 ဖိုးမှာ နောက်ဆုံး 70 ကျန်ရင်အောင်ပါတယ်
အမောင်းအောင်ရင် သင်မောင်းလိုင်စင်ရပါမယ် ပြီးရင် လမ်းမပေါ်မှာ အမောင်းလေ့ကျင့်ရမဲ့ စာရွက်ထုတ်ပေးပါမယ်
ပြီးရင် လမ်းမပေါ်မှာ အမောင်းလေ့ကျင့်ရပါမယ် လေ့ကျင့်တဲ့အချိန်မှာ(仮免許練習中 )သင်မောင်းလိုင်စင်နဲ့လေ့ကျင့်နေပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို အရှေ့ရောအနောက်ရောတပ်ထားရပါမယ်…
5 ရက် အထက်လေ့ကျင့်ရပါမယ် တစ်ရက်ကို 2hr( လေ့ကျင့်တဲ့အချိန်တွေကို ပေးထားတဲ့စာရွက်မှာဖြည့်ရပါမယ် )လေ့ကျင့်ပြီးရင် အဲ့စာရွက်တင်ပြီးရင်
3. နောက်ဆုံးရေးဖြေစာမေးပွဲ ဖြေရပါမယ် ဖြေဆိုချိန် 50min မှားမှန်
မေးခွန်း 95ခု အမှတ်100ဖိုး အမှတ် 90 ရမှ အောင်ပါမယ်
4.နောက်ဆုံးအဆင့်အမောင်းဖြေရပါမယ် အမှတ် 100 မှာ 70ကျန်ရင်အောင်ပါတယ်
ပြီးရင် လိုင်စင်မရသေးပါဘူး ကားသင်တန်းကျောင်းမတက်ထားတာ ဖြစ်တဲ့အတွက် 講習 လေ့ကျင့်မှုလုပ်ရအူးမှာဖြစ်ပါတယ် ကုန်ကျစရိတ် 17,750 ပါ
・高速講習 ( အမြန်လမ်းပေါ်လေ့ကျင့်တာ)
・危険予測講習( အန္တရာယ်တွေကိုခန့်မှန်းတဲ့လေ့ကျင့်မှု ၊ Game ဆော့သလို စက်နဲ့လေ့ကျင့်ရတာ)
・応急救護処置講習( ရှေ့ဦးသုနာပြုကုသမှု လေ့ကျင့်တာ) AED သုံးပြီး ရင်ဘက်ဖိပြီး အသက်ပြန်ရှုအောင်လုပ်ပေးတာတို့)
အပေါ်က အဲ့ 3ခု က သင်မောင်းလိုင်စင်ရပြီးရင် ကားသင်တန်းကျောင်းမှာ 特定講習 အထူးလေ့ကျင့်မှုဆိုပြီး ကြိုလုပ်ထားလို့ရပါတယ် ကြာချိန် 7hr ကားသင်တန်းကျောင်းမှာဆိုရင် ¥23,100ပါ
ကြိုလုပ်ထားရင်တော့ နောက်ဆုံးအမောင်းဖြေတဲ့အခါအောင်ရင်လိုင်စင်တခါထဲရပါတယ်
လိုင်စင်ရမဲ့အထိကြာချိန်ကတော့ ကိုယ်ဖြေမှာမို့ကိုယ့်အပေါ်မူတည်ပါတယ် ( သင်မောင်းလိုင်စင်ရဲ့သက်တမ်းက 6 လဖြစ်တာမို့) သင်မောင်းလိုင်စင်ရပြီး 6 လအတွင်းတော့ အောင်အောင်ဖြေမှရပါမယ်
လိုင်စင်ရမဲ့အထိ ကုန်ကျစရိတ်ကတော့ယန်း ၁၅သောင်း သောင်း၂၀ဝန်းကျင်ပါ၊
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလေ့လာချင်တာမျီူးရှိရင် Video Class နဲ့စာသင်ပေးပါတယ်၊